အေမရိကန္ ျပည္ေထာင္စုု ဆန္ဖရန္စစၥကိုု အေျခစိုုက္ မိုုးမခ၀က္ဆိုုက္ကိုု အေျချပဳ၍ အြန္လိုုင္းတြင္ေဖၚျပခဲ့သည့္ ရသ၊ သုုတ၊ အေတြအျမင္ ေ၀ဘန္ေရးေဆာင္းပါးမ်ားကိုု စုုစည္းကာ လစဥ္ထုုတ္ မဂၢဇင္းအျဖစ္ ျပည္တြင္းတြင္ ပထမဆံုုးအႀကိမ္ ထုုတ္ေ၀ျခင္း မိတ္ဆက္ပြဲကိုု ယေန႔မြန္းလြဲပိုုင္းက ရန္ကုုန္ၿမိဳ႕ ဗိုုလ္ေအာင္ေက်ာ္လမ္း Home Media တြင္ က်င္းပခဲ့သည္။ မဂၢဇင္းမိတ္ဆက္ပြဲႏွင့္ တပါတည္း “ရသစာေပအနာဂတ္ ”ဟူသည့္ ေခါင္းစဥ္ျဖင့္ စာေရးဆရာၾကီးမ်ားျဖစ္သည့္ ေမာင္မိုးသူ၊ ေဖျမင့္ႏွင့္ ျငိမ္းသစ္တို႔က ဦးေဆာင္ ေဆြးေႏြးခဲ့ၾကသည္။ အခမ္းအနားမွဴးအျဖစ္ ေမာင္လြင္မြန္(ကသာ)က ေဆာင္ရြက္ေပးသည္။ မိုးမခ၏ စာေပမိတ္ေဆြအသိုင္းအ၀ိုင္းမ်ား တက္ေရာက္ၾကသည္ကို ေတြ႔ရသည္။
ရသ၊ အေတြးအျမင္နွင့္ ေ၀ဘန္ေရး အာေဘာ္အျမင္ေဆာင္းပါးမ်ား အဓိက ထားေဖၚျပလ်က္ရွိသည့္ မိုုးမခ ၀က္ဆိုုက္ကိုု လြန္ခဲ့သည့္ ၁၀ စုုႏွစ္တခုုေက်ာ္က ဆန္ဖရန္စစ္စကိုုၿမိဳ႕တြင္ စတင္ခဲ့ၾကျခင္းျဖစ္ၿပီး ကဗ်ာ၊ ရသစာတမ္း၊ အင္တာဗ်ဴး ႏွင့္ ႏိုုင္ငံေရးေ၀ဘန္စာမ်ား ကိုု အသားေပးေဖၚျပခဲ့သည့္ ၀က္ဆိုုက္ တခုုအျဖစ္ ရပ္တည္ခဲ့သည္။ အေစာပိုင္း မိုုးမခ ၀က္ဆိုုက္တြင္ အြန္လိုုင္း ေရဒီယိုု အစီအစဥ္ကိုု အသားေပးတင္ဆက္ခဲ့ၿပီး ေနာက္ပိုုင္းတြင္ စာျဖင့္ ေဖၚျပသည့္ ေဆာင္းပါး၊ ကဗ်ာ၊ ရသစာတမ္း ၊ လူမႈေ၀ဘန္ေရးမ်ားကိုု ဦးစားေပး တင္ဆက္ခဲ့သည္။ ျပည္ပေရာက္ ျမန္မာအအသိုုင္းအ၀ိုုင္း၏ လူမႈေရး၊ ႏိုုင္ငံေရး လႈပ္ရွားမႈမ်ား၊ လူမႈအဖြဲ႕အစည္း လႈပ္ရွားမႈမ်ားကိုုလည္း ဦးစားေပး ေဖၚျပခဲ့ျခင္းေၾကာင့္ ျပည္ပေရာက္ ျမန္မာအမ်ားအျပား ၾကည့္ရႈသည့္ ၀က္ဆိုုက္တခုုအျဖစ္ လူသိမ်ားခဲ့ၿပီး ျပည္တြင္း ပရိတ္သတ္လည္း အထိုုက္အေလ်ာက္ရွိခဲ့သည္။
(ဧည့္သည္ေတာ္မ်ား)
ယခင္စစ္အစိုုးရလက္ထက္က ျပည္ပ မီဒီယာတခုုအျဖစ္ သတ္မွတ္ကာ ၀က္ဆိုုက္မ်ားကိုု ျပည္တြင္းတြင္ ၾကည့္ရႈမရေအာင္ ပိတ္ဆိုု႔ခံခဲ့ရၿပီး ၂၀၁၁ ႏွစ္ကုုန္ပိုုင္းတြင္ အျခားေသာ ျပည္ပအေျခစိုုက္ သတင္း၀က္ဆိုုက္မ်ား နည္းတူ ပိတ္ဆိုု႔မႈ ဖယ္ရွားေပးခဲ့သည္။
(အခမ္းအနားမွဴး ေမာင္လြင္မြန္(ကသာ)၊ အယ္ဒီတာ ျမင့္ေက်ာ္)
မိုုးမခ ၀က္ဆိုုက္သည္ အျခားေသာ သတင္း၀က္ဆိုုက္မ်ားႏွင့္ မတူပဲ ေစတနာ့၀န္ထမ္းႏွင့္ အေပ်ာ္ထမ္း ေဆာင္းပါးရွင္မ်ား ၊ ပရိတ္သတ္ထံမွ ေပးစာမ်ားကိုုလည္း ဦးစားေပးေဖၚျပခဲ့သည့္ ၀က္ဆိုုက္တခုုျဖစ္သည္။ ယခုုႏွစ္ အစပိုုင္းတြင္ ၀က္ဆိုုက္တြင္ ေဖၚျပထားသည့္ သတင္းေဆာင္းပါ။၊ အေတြးအျမင္၊ သေရာ္စာ၊ သမိုုင္းဆိုုင္ရာ ေဆာင္းပါးမ်ားႏွင့္ ႏိုုင္ငံေရး သတင္းမ်ားကိုု ပထမဆံုုးအႀကိမ္ျဖစ္ ထုုတ္ေ၀ႏိုုင္ရန္ ႀကိဳးစား ခဲ့သည္။ ပထမဆံုုး မိုုးမခ မဂၢဇင္း စာအုုပ္ကိုု ၂၀၁၄ ဧၿပီလပထမပတ္တြင္ ထြက္ရွိခဲ့ၿပီးေနာက္ လစဥ္ထုုတ္ေ၀သြားနိုုင္ရန္ ႀကိဳးပမ္းလ်က္ရွိသည္။
(သားၾကီးေမာင္ေဇယ်၊ ခင္ႏွင္းဦး၊ ေရႊကူေမႏွင္း (ေက်ာေပးထားသူ)
သတင္းနွင့္ အခ်က္အလက္ဆိုုင္ရာ စာေစာင္၊သတင္းစာမ်ား ေရပန္းစားလ်က္ရွိၿပီး ရသစာေပ အားနည္းလာသည့္ ယေန႔ေခတ္ကာလတြင္ မိုုးမခ မဂၢဇင္းသည္ ရသဆိုုင္ရာ စာေပမ်ားကိုု ဦးစားေပး တင္ဆက္သြားရန္ ရည္ရြယ္ထားေၾကာင္း မဂၢဇင္း တာ၀န္ခံတဦးျဖစ္သူ ဦးရန္ေနာင္က ေျပာသည္။
(မင္းထက္ေမာင္၊ ကိုရာဇာ)
(ဒီဓာတ္ပုံကေတာ့ စုံနံသာမဂၢဇင္းက ခ်ဳိ၀တ္ရည္လြင္ ရိုက္တာပါ)
အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကို အခြေစိုက် မိုးမခဝက်ဆိုက်ကို အခြေပြု၍ အွန်လိုင်းတွင်ဖေါ်ပြခဲ့သည့် ရသ၊ သုတ၊ အတွေအမြင် ဝေဘန်ရေးဆောင်းပါးများကို စုစည်းကာ လစဉ်ထုတ် မဂ္ဂဇင်းအဖြစ် ပြည်တွင်းတွင် ပထမဆုံးအကြိမ် ထုတ်ဝေခြင်း မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း Home Media တွင် ကျင်းပခဲ့သည်။ မဂ္ဂဇင်းမိတ်ဆက်ပွဲနှင့် တပါတည်း “ရသစာပေအနာဂတ် ”ဟူသည့် ခေါင်းစဉ်ဖြင့် စာရေးဆရာကြီးများဖြစ်သည့် မောင်မိုးသူ၊ ဖေမြင့်နှင့် ငြိမ်းသစ်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။ အခမ်းအနားမှူးအဖြစ် မောင်လွင်မွန်(ကသာ)က ဆောင်ရွက်ပေးသည်။ မိုးမခ၏ စာပေမိတ်ဆွေအသိုင်းအဝိုင်းများ တက်ရောက်ကြသည်ကို တွေ့ရသည်။
(ကြည်နိုင်၊ ဖေမြင့်၊ မောင်မိုးသူ၊ ငြိမ်းသစ်)
ရသ၊ အတွေးအမြင်နှင့် ဝေဘန်ရေး အာဘော်အမြင်ဆောင်းပါးများ အဓိက ထားဖေါ်ပြလျက်ရှိသည့် မိုးမခ ဝက်ဆိုက်ကို လွန်ခဲ့သည့် ၁၀ စုနှစ်တခုကျော်က ဆန်ဖရန်စစ်စကိုမြို့တွင် စတင်ခဲ့ကြခြင်းဖြစ်ပြီး ကဗျာ၊ ရသစာတမ်း၊ အင်တာဗျူး နှင့် နိုင်ငံရေးဝေဘန်စာများ ကို အသားပေးဖေါ်ပြခဲ့သည့် ဝက်ဆိုက် တခုအဖြစ် ရပ်တည်ခဲ့သည်။ အစောပိုင်း မိုးမခ ဝက်ဆိုက်တွင် အွန်လိုင်း ရေဒီယို အစီအစဉ်ကို အသားပေးတင်ဆက်ခဲ့ပြီး နောက်ပိုင်းတွင် စာဖြင့် ဖေါ်ပြသည့် ဆောင်းပါး၊ ကဗျာ၊ ရသစာတမ်း ၊ လူမှုဝေဘန်ရေးများကို ဦးစားပေး တင်ဆက်ခဲ့သည်။ ပြည်ပရောက် မြန်မာအအသိုင်းအဝိုင်း၏ လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုများ၊ လူမှုအဖွဲ့အစည်း လှုပ်ရှားမှုများကိုလည်း ဦးစားပေး ဖေါ်ပြခဲ့ခြင်းကြောင့် ပြည်ပရောက် မြန်မာအများအပြား ကြည့်ရှုသည့် ဝက်ဆိုက်တခုအဖြစ် လူသိများခဲ့ပြီး ပြည်တွင်း ပရိတ်သတ်လည်း အထိုက်အလျောက်ရှိခဲ့သည်။
ယခင်စစ်အစိုးရလက်ထက်က ပြည်ပ မီဒီယာတခုအဖြစ် သတ်မှတ်ကာ ဝက်ဆိုက်များကို ပြည်တွင်းတွင် ကြည့်ရှုမရအောင် ပိတ်ဆို့ခံခဲ့ရပြီး ၂၀၁၁ နှစ်ကုန်ပိုင်းတွင် အခြားသော ပြည်ပအခြေစိုက် သတင်းဝက်ဆိုက်များ နည်းတူ ပိတ်ဆို့မှု ဖယ်ရှားပေးခဲ့သည်။
မိုးမခ ဝက်ဆိုက်သည် အခြားသော သတင်းဝက်ဆိုက်များနှင့် မတူပဲ စေတနာ့ဝန်ထမ်းနှင့် အပျော်ထမ်း ဆောင်းပါးရှင်များ ၊ ပရိတ်သတ်ထံမှ ပေးစာများကိုလည်း ဦးစားပေးဖေါ်ပြခဲ့သည့် ဝက်ဆိုက်တခုဖြစ်သည်။ ယခုနှစ် အစပိုင်းတွင် ဝက်ဆိုက်တွင် ဖေါ်ပြထားသည့် သတင်းဆောင်းပါ။၊ အတွေးအမြင်၊ သရော်စာ၊ သမိုင်းဆိုင်ရာ ဆောင်းပါးများနှင့် နိုင်ငံရေး သတင်းများကို ပထမဆုံးအကြိမ်ဖြစ် ထုတ်ဝေနိုင်ရန် ကြိုးစား ခဲ့သည်။ ပထမဆုံး မိုးမခ မဂ္ဂဇင်း စာအုပ်ကို ၂၀၁၄ ဧပြီလပထမပတ်တွင် ထွက်ရှိခဲ့ပြီးနောက် လစဉ်ထုတ်ဝေသွားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
သတင်းနှင့် အချက်အလက်ဆိုင်ရာ စာစောင်၊သတင်းစာများ ရေပန်းစားလျက်ရှိပြီး ရသစာပေ အားနည်းလာသည့် ယနေ့ခေတ်ကာလတွင် မိုးမခ မဂ္ဂဇင်းသည် ရသဆိုင်ရာ စာပေများကို ဦးစားပေး တင်ဆက်သွားရန် ရည်ရွယ်ထားကြောင်း မဂ္ဂဇင်း တာဝန်ခံတဦးဖြစ်သူ ဦးရန်နောင်က ပြောသည်။
(မင်းထက်မောင်၊ ကိုရာဇာ)
Comments
Post a Comment