မိုးမခ စာေပစကားဝိုင္း ျမင္ကြင္းမ်ား |
(မုိးမခ) ဇူလုိင္ ၄၊ ၂၀၁၆
စကားဝိုင္းတြင္ ဦးေဆာင္ေဆြးေႏြးသူ ဆရာမ မသီတာ (စမ္းေခ်ာင္း)၊ ဆရာမ ေမၿငိမ္း၊ ဆရာ ေနဘုန္းလတ္၊ အထူးဧည့္သည္ေတာ္ ဆရာ ေမာင္လြင္မြန္ (ကသာ) (ရီေနႏိုင္) ႏွင့္ ေမးခြန္းေမးျမန္းသူ မိုးမခ မဂၢဇင္း အယ္ဒီတာ ၿငိမ္းခ်မ္းေအး တို႔က Online Digital Platform ေခတ္ ျမန္မာစာေပ အခန္းက႑ႏွင့္ မိုဘိုင္းနည္းပညာေခတ္၏ အားသာခ်က္ အားနည္းခ်က္မ်ားကို Blog ေခတ္ က စ၍ လူမႈကြန္ရက္ Social Media Facebook ေခတ္ အထိ က်ယ္က်ယ္ျပန္႔ျပန္ ေဆြးေႏြးခဲ့ၾကသည္။
စကားဝိုင္းတြင္ ဦးေဆာင္ေဆြးေႏြးသူ ဆရာမ မသီတာ (စမ္းေခ်ာင္း)၊ ဆရာမ ေမၿငိမ္း၊ ဆရာ ေနဘုန္းလတ္၊ အထူးဧည့္သည္ေတာ္ ဆရာ ေမာင္လြင္မြန္ (ကသာ) (ရီေနႏိုင္) ႏွင္ မိုးမခ ဝိုင္းေတာ္သားမ်ား |
အြန္လိုင္းေခတ္ ေစာင့္ထိန္းသင့္ ေစာင့္ထိန္းအပ္သည့္ ေရးသူ ဖတ္သူ က်င့္ဝတ္မ်ား၊ ကိုယ္တိုင္ တည္းျဖတ္ရျခင္း သေဘာတရားမ်ား၊ ျမန္မာရသစာေပ ဖန္တီးမႈ၊ စားသံုးမႈ၊ ထိေရာက္မႈ၊ ဆုတ္ယုတ္မႈ၊ ေျပာင္းလဲမႈမ်ား၊ ေခတ္သစ္နည္းပညာလိႈင္းမ်ားၾကားက သမားရိုးက် ပံုႏွိပ္ မီဒီယာအခန္းက႑၊ ရသစာေပ မဂၢဇင္းမ်ား၏ အနာဂတ္၊ E-book မ်ား၏ အလားအလာ၊ စာၾကည့္တိုက္အသံုးျပဳျခင္းႏွင့္ စာဖတ္ျခင္း ဓေလ့ပ်ိဳးေထာင္ရာတြင္ ပညာေရးစနစ္၏ အေရးပါပံု၊ စာအုပ္ျဖန္႔ခ်ိေရးက႑ ႏွင့္ စာတိုက္စာပို႔စနစ္ စသည့္ ယဥ္ေက်းေသာ လူ႔အဖြဲ႕အစည္းတရပ္ တည္ေဆာက္ႏိုင္ေရး၊ ရသစာေပရွင္သန္ေရး၊ ဦးေမာ့ေရးတို႔အတြက္ ပင္တိုင္ေဆြးေႏြးသူမ်ားႏွင့္အတူ အလြတ္တမ္း စာေရးဆရာမ ဆရာမ မေသြး (စစ္ကိုင္း)၊ The Ladies News ဂ်ာနယ္ အယ္ဒီတာ ကိုေဆာင္းျဖဴတို႔ အပါအဝင္ အျခား တက္ေရာက္လာသူ နယ္ပယ္အသီးသီးက ျမန္မာစာေပခ်စ္ျမတ္ႏိုးသူမ်ားက ဝိုင္းဝန္းေဆြးေႏြး၊ အျမင္ခ်င္း ဖလွယ္ခဲ့ၾကသည္။
စကားဝိုင္းတြင္ မိုးမခ အယ္ဒီတာ တဦးျဖစ္သူ ကိုဇာနည္ဝင္းကလည္း မိုးမခ အြန္လိုင္း မီဒီယာႏွင့္ ၃ ႏွစ္ျပည့္ခဲ့ၿပီ ျဖစ္သည့္ မိုးမခ ပံုႏွိပ္ မဂၢဇင္း၏ အလုပ္မ်ား၊ ရည္မွန္းခ်က္မ်ား၊ ေနာက္ခံသမိုင္းမ်ားႏွင္ ့ေရွ႕အလားအလာကိုလည္း တက္ေရာက္လာသူမ်ားကို ရွင္းလင္းတင္ျပခဲ့သည္။
ေဆြးေႏြးပြဲကို တက္ေရာက္သူ ၇၀ နီးပါး ရွိခဲ့ၿပီး ဉာဏ္ႀကီးရွင္ (Genius) ေကာ္ဖီ ႏွင့္ မိုးမခ မီဒီယာတို႔က အေကၽြးအေမြးမ်ားျဖင့္ တည္ခင္းဧည့္ခံခဲ့သည္။
Moemaka Media
Website: http://moemaka.com/
Blog: http://blog.moemaka.com/
http://eng.moemaka.net/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka
မိုးမခ စာေပစကားဝိုင္းတြင္ သတင္းမီဒီယာမ်ား ရုပ္သံသတင္းယူေနပံု
|
မိုးမခ စာေပစကားဝိုင္း ျမင္ကြင္းမ်ား |
ပင္တိုင္ေဆြးေႏြးသူ ဆရာမ မသီတာ (စမ္းေခ်ာင္း)၊ ဆရာမ ေမၿငိမ္း၊ ဆရာ ေနဘုန္းလတ္ ႏွင့္ ေမးခြန္းေမးျမန္းသူ မိုးမခ မဂၢဇင္း အယ္ဒီတာ ၿငိမ္းခ်မ္းေအး |
မိုးမခ မဂၢဇင္း ႏွင့္ မိုးမခ မိတ္ေဆြမ်ား၏ စာအုပ္ အေရာင္းစားပြဲ |
ဉာဏ္ႀကီးရွင္ (Genius) ေကာ္ဖီ ႏွင့္ ပိုင္ရွင္ ဦးေငြထြန္း |
ပင္တိုင္ေဆြးေႏြးသူ ဆရာမ မသီတာ (စမ္းေခ်ာင္း)၊ ဆရာမ ေမၿငိမ္း၊ ဆရာ ေနဘုန္းလတ္ ႏွင့္ ေမးခြန္းေမးျမန္းသူ မိုးမခ မဂၢဇင္း အယ္ဒီတာ ၿငိမ္းခ်မ္းေအး |
စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာမ မေငြိမ်း၊ ဆရာ နေဘုန်းလတ်၊ အထူးဧည့်သည်တော် ဆရာ မောင်လွင်မွန် (ကသာ) (ရီနေနိုင်) နှင့် မေးခွန်းမေးမြန်းသူ မိုးမခ မဂ္ဂဇင်း အယ်ဒီတာ ငြိမ်းချမ်းအေး တို့က Online Digital Platform ခေတ် မြန်မာစာပေ အခန်းကဏ္ဍနှင့် မိုဘိုင်းနည်းပညာခေတ်၏ အားသာချက် အားနည်းချက်များကို Blog ခေတ် က စ၍ လူမှုကွန်ရက် Social Media Facebook ခေတ် အထိ ကျယ်ကျယ်ပြန့်ပြန် ဆွေးနွေးခဲ့ကြသည်။
အွန်လိုင်းခေတ် စောင့်ထိန်းသင့် စောင့်ထိန်းအပ်သည့် ရေးသူ ဖတ်သူ ကျင့်ဝတ်များ၊ ကိုယ်တိုင် တည်းဖြတ်ရခြင်း သဘောတရားများ၊ မြန်မာရသစာပေ ဖန်တီးမှု၊ စားသုံးမှု၊ ထိရောက်မှု၊ ဆုတ်ယုတ်မှု၊ ပြောင်းလဲမှုများ၊ ခေတ်သစ်နည်းပညာလှိုင်းများကြားက သမားရိုးကျ ပုံနှိပ် မီဒီယာအခန်းကဏ္ဍ၊ ရသစာပေ မဂ္ဂဇင်းများ၏ အနာဂတ်၊ E-book များ၏ အလားအလာ၊ စာကြည့်တိုက်အသုံးပြုခြင်းနှင့် စာဖတ်ခြင်း ဓလေ့ပျိုးထောင်ရာတွင် ပညာရေးစနစ်၏ အရေးပါပုံ၊ စာအုပ်ဖြန့်ချိရေးကဏ္ဍ နှင့် စာတိုက်စာပို့စနစ် စသည့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတရပ် တည်ဆောက်နိုင်ရေး၊ ရသစာပေရှင်သန်ရေး၊ ဦးမော့ရေးတို့အတွက် ပင်တိုင်ဆွေးနွေးသူများနှင့်အတူ အလွတ်တမ်း စာရေးဆရာမ ဆရာမ မသွေး (စစ်ကိုင်း)၊ The Ladies News ဂျာနယ် အယ်ဒီတာ ကိုဆောင်းဖြူတို့ အပါအဝင် အခြား တက်ရောက်လာသူ နယ်ပယ်အသီးသီးက မြန်မာစာပေချစ်မြတ်နိုးသူများက ဝိုင်းဝန်းဆွေးနွေး၊ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
စကားဝိုင်းတွင် မိုးမခ အယ်ဒီတာ တဦးဖြစ်သူ ကိုဇာနည်ဝင်းကလည်း မိုးမခ အွန်လိုင်း မီဒီယာနှင့် ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည့် မိုးမခ ပုံနှိပ် မဂ္ဂဇင်း၏ အလုပ်များ၊ ရည်မှန်းချက်များ၊ နောက်ခံသမိုင်းများနှင် ့ရှေ့အလားအလာကိုလည်း တက်ရောက်လာသူများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆွေးနွေးပွဲကို တက်ရောက်သူ ၇၀ နီးပါး ရှိခဲ့ပြီး ဉာဏ်ကြီးရှင် (Genius) ကော်ဖီ နှင့် မိုးမခ မီဒီယာတို့က အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
Comments
Post a Comment