MoeMaKa Youth Talk
မြန်မာလူငယ်များနှင့် ပညာရေး အလားအလာ (Myanmar Youth and Education Prospect)
မိုးမခ လူငယ်စကားဝိုင်း (MoeMaKa Youth Talk) ဖိတ်ကြားအပ်ပါသည် (ဇူလိုင် ၂၃၊ ၂၀၁၆၊ စနေနေ့)
ကမ္ဘာအနှံ့က အဆင့်မြင့် တက္ကသိုလ်ကြီးများတွင် စကော်လားရှစ်ဆုများ ရယူကာ ပညာသင်ယူနေကြသည့် ပညာတော်သင်လူငယ်များက ၎င်းတို့ ဖြတ်သန်းခဲ့ရသည့် မြန်မာပြည်ပညာရေးနှင့် နိုင်ငံတကာတွင် ရရှိခဲ့သည့် ပညာရေး အခြေအနေနှစ်ရပ် နှိုင်းယဉ်သုံးသပ်ခြင်း၊ အမြင်များကို ဆွေးနွေးခြင်း၊ ၎င်းတို့ ပညာသင်ဆုရယူနိုင်ခဲ့သည့် အတွေ့အကြုံများကို ဝေငှခြင်း၊ မျိုးဆက်သစ် လူငယ်များအတွက် ရှာဖွေနိုင်သည့် ပညာရေးအခွင့်အလမ်းများ အကြံပြုခြင်း စသည့် ပညာ့ရေးရာ ဆွေးနွေးမှုများကို မိုးမခနှင့် အတူ စကားဝိုင်းဖွဲ့ကြမည်ဖြစ်ပါသောကြောင့် စိတ်ဝင်စားသူ ကျောင်းသားလူငယ်များ၊ မိဘများနှင့် စာနယ်ဇင်း မိတ်ဆွေများအား တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် ● ၂၃ ဇူလိုင် ၂၀၁၆ (စနေနေ့)
အချိန် ● နေ့လည် ၂ နာရီ - ၅ နာရီ
နေရာ ● Pen Myanmar ရုံးခန်း ခန်းမ၊ အမှတ် ၄၄၅/၄၄၇၊ PK ကွန်ဒို ၄ လွှာ၊ အနော်ရထာလမ်းမနှင့် အောက်ပုဇွန်တောင်လမ်းဒေါင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
စီစဉ်သူ ● ငြိမ်းချမ်းအေး (မိုးမခ)
ဆက်သွယ်ရန် ● +၉၅ (ဝ) ၉ ၅၀၄ ၁၀၅၈ / nyeinchanaye81@gmail.com
Comments
Post a Comment